အခိုက်တန့်

Lyrics: Zaw Tun Aung Music: Zaw Tun Aung ဟူးးးး
ပျော်စရာအချိန်အမှတ်တရ အကုန်လာဖျက်စီးသွားတဲ့ ပတ်သက်ခဲ့သမျှအဖြစ်ပျက်တိုင်းကို လုံးဝမမေ့နိုင်ခဲ့ဘူး ပြန်လိုချင်တုန်းပဲ ငါရင်ခုန်နေတုန်းပဲ မင်းရဲ့အနားနား နောက်ထပ်တစ်ခေါက်ငါရှိခွင့်ရချင်လို့ ဟိုးဝိုး
ငါမေ့မေ့ မေ့ဖို့ခက်တယ် တို့ရဲ့အတိတ်ကအရိပ်တွေ မင်းကတော့လွယ်လွယ်လေးနဲ့ နင်မေ့လိုက်ပြီလား ငါစွဲစွဲ စွဲလမ်းခဲ့တယ် မင်းရဲ့နှုတ်ခမ်းပါးလေးက မခွဲဘူးဆိုတဲ့စကားများ လွယ်လွယ်ပြောထွက်တာလား
အဆုံးသတ်မလှတဲ့ ငါတို့ရဲ့အဖြစ်ပျက်များ အတိတ်ကအရိပ်ကကောင်းစွာ လှပနေဆဲ အို..အခမ်းနားဆုံးအိပ်မက် မက်ခဲ့ဖူးလည်း အိပ်မက်ကတော့ အိပ်မက် ပါပဲကွယ် ငါနှလုံးသားအတွင်းထဲက သွေးကြောလေးများမှာ မင်းကိုချစ်တဲ့အချစ်များ ရှင်သန်ဆဲပါ အို..ညရောက်တိုင်းလဲ ငါတောင်းဆုပြုလို့ရယ် ငါ့ရဲ့အနားနားနောက်ထပ်တစ်ခေါက် နင်ပြန်လာပေး

ဟူးး