Music: Lung Sitt Ja Moon
ချမ်းအေးတဲ့ဆောင်း...ဆောင်း...
အလှမ်းဝေးတဲ့နောက်....
တချိန်တုန်းက နင်နဲ့ငါ ရှိဖူးတဲ့ အမှတ်တရလေးများ
ရင်ထဲမှာ သိမ်းဆည်းထားလိုက်ပြီသိလား
ငါစိတ်ဆိုးလို့နင်ပြန်ချော့တဲ့အခါ
အရည်ပျော်သွားမြဲ နင်ဟာငါ့ရဲ့ဘဝ
ဒီချိန်ငါ့ဖုန်းလေးမြည်သံကင်းမဲ့စွာ
နင်အပြီးထွက်သွားပြီလား
ချမ်းအေးတဲ့ဆောင်းမှာ အချမ်းပြေဖက်ထားမဲ့သူမရှိဘူး
အချစ်စစ်တဲ့လား မင်းပုံပြင်တွေပြောသွား
အဆုံးမှာ ယုံတမ်းစကားပါ ငါဇွတ်ယုံကြည်ခဲ့မိတာပါလား
အလှမ်းဝေးတဲ့နောက်မှာ ဆက်သွယ်မေးဖော်လေးတောင်မရှိဘူး
သွေးအေးလိုက်တာ မင်းတကယ်နေနိုင်လွန်းသွား
နှင်းပုံပြင်လေးတပုဒ်ပမာ
Da da da da da da…
မြူနှင်းတွေ ဝေခိုက်မှာ
နင်ကသာအေးစက်သွားခဲ့တာ
အချိန်တိုင်းငါ တံခါးဖွင့်ထားဆဲပါသိလား နင်သိလား
ငါငိုရလွန်းလို့ နင်ပြန်ချော့လှည့်ပါ
မျှော်နေဆဲပဲ အမှောင်ကမ္ဘာငါ့ရဲ့ညများ
အိမ်မှာမင်းရဲ့ရီသံကင်းမဲ့စွာ
အကုန်နောက်ကျသွားပြီလား
ချမ်းအေးတဲ့ဆောင်းမှာ အချမ်းပြေဖက်ထားမဲ့သူမရှိဘူး
အချစ်စစ်တဲ့လား မင်းပုံပြင်တွေပြောသွား
အဆုံးမှာ ယုံတမ်းစကားပါ ငါဇွတ်ယုံကြည်ခဲ့မိတာပါလား
အလှမ်းဝေးတဲ့နောက်မှာ ဆက်သွယ်မေးဖော်လေးတောင်မရှိဘူး
သွေးအေးလိုက်တာ မင်းတကယ်နေနိုင်လွန်းသွား
နှင်းပုံပြင်လေးတပုဒ်ပမာ
Da da da da da da…
ချမ်းအေးတဲ့ဆောင်း...ဆောင်း...
အလှမ်းဝေးတဲ့နောက်....
နှင်းပုံပြင်လေးတပုဒ်