Lyrics: Joe Lay
Music: Joe Lay
အဆင်ပြေပါစေ
အနားမှာငါမရှိတဲ့အချိန်တွေ
အဆင်ပြေမှာပါ
ငါကသာတစ်ယောက်ထဲတွေးနေတာ
ပျော်နိုင်ပါစေ
မကျပါနဲ့နင့်မျက်ရည်တွေ
နင်ပျော်နေမှာပါ
ငါ့ထက်ပိုသူဂရုစိုက်မှာပါ
မဆိုင်တော့မှန်းလဲ
ငါသိထားတယ်
နင်မချစ်တော့မှန်းငါသိပေမယ့်
ငါမှမုန်းလို့မရတာ
ဘယ်လိုမေ့ရမလဲ..
ကြုံလာတဲ့တိုက်ဆိုင်မှုလေးတစ်ချို့ရယ်
မကြာသေးတဲ့အတိတ်ကို အစပြန်ဆွဲ
မမြင်နိုင်တဲ့တစ်ခြားသောအရပ်မှာ
ဘယ်လိုရှိလိမ့်မလဲ
ပြန်တွေးမိတိုင်း ငါရင်ထဲစို့နင့်လာတယ်
နင်ပြန်လာတယ်ဆိုတာအိမ်မက်တစ်ခု
တို့နှစ်ယောက်ကပြီးဆုံးသွားပြီအခု
မတွေးတော့ဘူး
ငိုနေလို့လဲ
ငါ့အတွက်ဘာမှထူးမလာဘူး
ဒဏ်ရာဆိုတာ
နာကျင်နေတုန်းခဏ
ငါလဲတစ်နေ့တော့မေ့လို့ရမှာပါ ချစ်သူရာ
တစ်ခါမှမချစ်ဖူးလို့
ငါအရမ်းရူးတာပါ
နာကျင်ပေမဲ့
မျက်ရည်တွေငါထိန်းထားပါတယ်
ဒါပေမယ့်လဲ
ပါးထက်ကိုအလိုလိုစီးကျလာတယ်
ဟန်ဆောင်ကာရယ်
မျက်နှာပေါ်မှာပြုံးထားပေမဲ့လဲ
ဟန်မဆောင်နိုင်လို့
တစ်ယောက်ထဲရှိချိန်တွေ ကြိတ်လို့ငိုမိတယ်
ကြာပေမဲ့မမေ့နိုင်ခဲ့သေးတာ
ငါပဲအစွဲအလမ်းတစ်ကယ်ကြီးတာလား
ဒီလိုမှမဟုတ်ရင်
ငါတစ်ကယ်ချစ်လို့လား
လွန်လေတဲ့ အတိတ်မှာ
ငါတို့နှစ်ယောက်ရဲ့
ပက်သတ်မှုတွေရှိဖူးတော့လဲ
မတော်တဆတွေ့ခဲ့ရင်
ရင်ဆိုင်ဖို့ခက်မယ်
အနေရခက်တော့လဲ
လှည့်ထွက်သွားရုံပဲ
နင်ပြန်လာတယ်ဆိုတာအိမ်မက်တစ်ခု
တို့နှစ်ယောက်က ပြီးဆုံးသွားပြီအခု
မတွေးတော့ဘူး
ငိုနေလို့လဲ ငါ့အတွက်ဘာမှထူးမလာဘူး
ဒဏ်ရာဆိုတာနာကျင်နေတုန်း ခဏ
ငါလဲတစ်နေ့တော့မေ့လို့ရမှာပါ
ချစ်သူရာ
တစ်ခါမှမချစ်ဖူးလို့ ငါအရမ်းရူးတာပါ
နင်ပြန်လာတယ်ဆိုတာအိမ်မက်တစ်ခု
တို့နှစ်ယောက်က ပြီးဆုံးသွားပြီအခု
မတွေးတော့ဘူး
ငိုနေလို့လဲ ငါ့အတွက်ဘာမှထူးမလာဘူး
ဒဏ်ရာဆိုတာနာကျင်နေတုန်း ခဏ
ငါလဲတစ်နေ့တော့မေ့လို့ရမှာပါ..ချစ်သူရာ
ငါဒီလောက်မချစ်ဖူးလို့ ငါအရမ်းရူးတာပါ