Lyrics: Ah Moon
Music: Ah Moon
အိုင်းစ်… Oh my my …
ဟာ.. မနက်စောစောကြည့်လိုက်ချိန် screen မှာ noti လေးတွေ မနည်းမနောပါလား
Viber WhatsApp ပြီးတော့ Messenger
Ah.. နင်ပို့ထားတဲ့ message, missed call များ
အကုန်ပြတ်စဲပြီးတဲ့နောက်မှာ ငါ ချီတုံချတုံဖြစ်ဖို့ နင်ကြိုးစား
အတိတ်အကြောင်း လှည့်မကြည့်တော့တာ သိလား
နင့်ကိုဖုန်းထဲမှာ လုံးဝကို block ထား
ဖုန်းနံပါတ် အတုတွေနဲ့ဆက်တာ ရပ်စမ်းပါ
တောင်းပန်စကားလေး ပြောပါရစေတဲ့လား
မင်းမျက်လုံးက မိကျောင်းမျက်ရည်ကြွေကျ
အသည်းတွေ အရမ်းကွဲနေလည်း လဲသာသေလိုက်
တကယ်ပါ ငါလေနင့်ကိုမုန်းတယ် ကျိန်ပြီးဆိုရဲတယ်
ထပ်မကြားချင်ဘူး မင်းအကြောင်းဘာမှ..
နားပိတ်ပြီးနေတာ
နင့်ကိုမုန်းတယ် အရမ်းကိုမုန်းတယ် ငါ့အနားယောင်လို့ မင်းထပ်မလာနဲ့ ဘယ်တော့မှထပ်မလာနဲ့
I hate you.. I hate you..
နည်းနည်းမှ အသုံးမကျသူ I hate you
ဪ.. ကဗျာစာလေးတွေ ရေးတတ်နေပြီလား
ဒီ relationship အပြီးမှာ
Ah.. နင်စုံစီပတ်လည် ချီးခြောက်ရေနူးထား ( ah ha.. )
လိုရင်ပေးမယ် မင်းအတွက်ဆို ငါ့မှာ အချမ်းသာဆုံးက ဥပေက္ခာတရား
စာပို့တိုင်း reply ရချင်တုန်းလား ?
အခုနေလှမ်းတွေ့တောင် မသိချင်ယောင်ဆောင်မှာ
နင့်ကို Facebook မှာ လုံးဝကို block ထား
အားနေ fake အကောင့်တွေနဲ့ add တာ ရပ်စမ်းပါ
မသိရင် ငါ့ကြောင့်ဘဝပျက်တယ်တဲ့လား
လုပ်ပါဦး ရှုပ်ပါဦး မင်းရဲ့အနှောက်တရား
အဲလို ငါ့အသိတွေရှေ့ ရုပ်ရှင်တွေရိုက်တာ
တကယ်ပါ ငါလေနင့်ကိုမုန်းတယ် ကျိန်ပြီးဆိုရဲတယ်
ထပ်မကြားချင်ဘူး မင်းအကြောင်းဘာမှ..
နားပိတ်ပြီးနေတာ
နင့်ကိုမုန်းတယ် အရမ်းကိုမုန်းတယ် ငါ့အနားယောင်လို့ မင်းထပ်မလာနဲ့ ဘယ်တော့မှထပ်မလာနဲ့
I hate you.. I hate you..
နည်းနည်းမှ အသုံးမကျသူ I hate you
မိကျောင်းမျက်ရည်ကြွေကျ ..
မိကျောင်းမျက်ရည်ကြွေကျ .. oh my ..
မိကျောင်းမျက်ရည်ကြွေကျ ..
( Aw .. ဖြစ်မှဖြစ်ရလေ ..)
I hate you .. I hate you ..