ရင်တွင်းချစ် (Inner Love)

Lyrics: ALBoy Z Music: ALBoy Z အမှတ်တမဲ့မှ အမှတ်တရအနေအထားစီ တဖြေးဖြေးနဲ့ ရောက်ရှိလာရမည် သံသရာအဆက်ဆက်က ဖူးစာရှင်လား မြင်မြင်ချင်းရင်းနှီးရတဲ့ ထူးခြားခြင်းများ ဝါသနာအပြင် အကြိုက်တွေပါထပ်တူညီ အောက်ဆီဂျင်ပြတ်ရင် မင်းအပြုံးလေးနှင့် အသက်ရှုမည် ဖမ်းစားခဲ့ အသဲစွဲဖြစ်တဲ့ မျက်ဝန်းတစ်စုံ နူးညံ့လှပတဲ့ဟန်ပန် ရှက်ပြုံးတစ်ချို့
မနက်ခင်းနိုးထတွေးမိတာမင်းကို စာစီငါရေးသားနေ ကဗျာတွေသီကာပေးမလို့ သာလိကာတေးဆိုသလို နားဝင်ပီယံချိုမြ သီချင်းတွေအတူဆိုက ကိုယ်နဲ့မင်းဒါတို့ဘဝ ဘယ်သူမှကြားဝင် နှောင့်ယှက်လို့မရ ကိုယ်ဟာမြေကြီးထဲကအစေ့လို မြေပေါ်ပေါက်ထွက်လို့ပြ ပုဒ်မ ၃၀၂ ဥပဒေကို ဖောက်ဖျက်ချိုးချပြီး မြွေဟောက်လိုမင်းကိုစိတ်ညစ်စေသူ ပေါက်သတ်မလို့ကွ ငါငါငါ သိပ်ပြီးအတ္တကြီးလာတယ် မင်းကိုစောင့်ရှောက်ဖို့ ဖြစ်ချင် ဘီလူးယ္ခကြီးပါကွယ် ငါငါငါ သိပ်ပြီးစွဲလမ်းမိပါတယ် မင်းကို မပိုင်ရရင် မလိုချင် ဘီလူးဒဿကြီးဘဝလဲ
အမှတ်တမဲ့မှ အမှတ်တရအနေအထားစီ တဖြေးဖြေးနဲ့ ရောက်ရှိလာရမည် သံသရာအဆက်ဆက်က ဖူးစာရှင်လား မြင်မြင်ချင်းရင်းနှီးရတဲ့ ထူးခြားခြင်းများ ဝါသနာအပြင် အကြိုက်တွေပါထပ်တူညီ အောက်ဆီဂျင်ပြတ်ရင် မင်းအပြုံးလေးနှင့် အသက်ရှုမည် ဖမ်းစားခဲ့ အသဲစွဲဖြစ်တဲ့ မျက်ဝန်းတစ်စုံ နူးညံ့လှပတဲ့ဟန်ပန် ရှက်ပြုံးတစ်ချို့
အနားနားကိုတိုးပါ Girl နွေးထွေးအောင်ဖက်ထားချင်လို့ မင်းလေးကဆုတွေတောင်းဆို ဖြည့်ဆည်းမယ် ကိုကနတ်ဘုရားအသွင်မျိုး ကံဇာတာဖွက်ထားရင်တောင် ရအောင်ရှာဖွေကပ်တွယ်ဦးမှာ နှစ်ယောက်သားချစ်ကြည်နူးတာကို မင်းလေးကရှက်တယ် ဟုတ်လား ချစ်ဖို့ကောင်း မင်းမျက်နှာကိုပိုင်ဆိုင်ချင်လို့ အပြင်လစ်ထွက်လှည့်ပါ မင်းလေးက ၂၀၂၄ နှစ်မှာနှလုံးသားက ခြေချင်းတက်တဲ့အရာ ပြက္ခဒိန်မှာ ဆော့ပင်တစ်ချောင်းနဲ့ မွှေရင်းရက်မြတ်ရှာ အဲ့နေ့မှာ ကိုယ်လာခိုးပြီး မင်းနဲ့ စိတ်ကူးတွေယဥ် နိမိတ်အထူးတွေမြင်တာ ကိုယ့်မှာ အခါတစ်ရာမကပါ ကိုယ့်အတွေးကို ညာကာမရ မင်းကိုမတွေ့ရရင် ဟာတာတာတာ ရင်ထဲမှာဘာဝနာမပွား ဝန်တိုစိတ်ထိန်းချုပ် မရမရမရ ဇွဲထိပ်ထား မဲလိပ်ပမာ အမြဲရှာလဲ ကဲစမ်းမဲက ဗလာ ဗလာ ဗလာ
အမှတ်တမဲ့မှ အမှတ်တရအနေအထားစီ တဖြေးဖြေးနဲ့ ရောက်ရှိလာရမည် သံသရာအဆက်ဆက်က ဖူးစာရှင်လား မြင်မြင်ချင်းရင်းနှီးရတဲ့ ထူးခြားခြင်းများ ဝါသနာအပြင် အကြိုက်တွေပါထပ်တူညီ အောက်ဆီဂျင်ပြတ်ရင် မင်းအပြုံးလေးနှင့် အသက်ရှုမည် ဖမ်းစားခဲ့ အသဲစွဲဖြစ်တဲ့ မျက်ဝန်းတစ်စုံ နူးညံ့လှပတဲ့ဟန်ပန် ရှက်ပြုံးတစ်ချို့