Nar Kyi Par Thi Thot Thaw

Lyrics: Joe Lay Music: Joe Lay လေပြေညှင်းရယ် အလွမ်းရယ် ... မျက်ရည်တွေနဲ့..ပူဆွေးတဲ့ရှိုက်သံများ... ဟိုအရင်ကအတိတ်ဟောင်းကိုအသက်သွင်းခဲ့သလား ငိုသံလေးရယ် ကြားတယ် အခုချိန်ထိလဲ ငါ့ရဲ့နားထဲမှာ အရာရာအရင်တိုင်း မနေ့ကလိုပဲ အချစ်ရာ... တစ်ကယ်ဆိုအစောကတည်းက... မတွေ့ရင်ပိုကောင်းမှာ.. လွန်ဆန်လို့မရတဲ့နှလုံးသားရဲ့ သဘောတိုင်းအလိုကျ.. ဒဏ်ရာတို့နဲ့လမ်းခွဲကျောခိုင်းခဲ့ အချစ်တစ်ခုရဲ့နောက်မှာ.. အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ... အတူတူထိုင်တဲ့ခုံလေးရယ်... ဆေးရောင်မှိန်သွားလဲ... နင်မပါတောင် ငါရောက်ဖြစ်သေးတယ်... မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်.. နင်..ပျော်နေပါတော့ ချစ်သူရယ် အိမ်ပြန်ချိန်လေးကိုစတင်အသက်မပါတဲ့ခြေလှမ်းများလှမ်းချိန်မှာ သူ့နုတ်ခမ်းမှာအပြုံးရယ် မတွေ့ရပါလား ကိုယ်စီဝေးကွာ အဝေးမှာ တစ်ယောက်တစ်နေရာက သတိတို့ရလဲ ခဏပါ... အချိန်တန်တော့လဲ သူစိမ်းဖြစ်လို့သွားမှာ.... တစ်ကယ်ဆိုအစောကတည်းက... မတွေ့ရင်ပိုကောင်းမှာ.. လွန်ဆန်လို့မရတဲ့နှလုံးသားရဲ့ သဘောတိုင်း အလိုကျ.. ဒဏ်ရာတို့နဲ့လမ်းခွဲကျောခိုင်းခဲ့ အချစ်တစ်ခုရဲ့နောက်မှာ.. အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ... အတူတူထိုင်တဲ့ခုံလေးရယ်... ဆေးရောင်မှိန်သွားလဲ... နင်မပါတောင် ငါရောက်ဖြစ်သေးတယ်... မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်.. နင်..ပျော်နေပါတော့ ချစ်သူရယ်.... အတူတူထိုင်တဲ့ခုံလေးရယ်... ဆေးရောင်မှိန်သွားလဲ... နင်မပါတောင် ငါရောက်ဖြစ်သေးတယ်... မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်.. နင်..ပျော်နေပါတော့ ချစ်သူရယ်....