All I Need is You

Lyrics: Teyza Min Gaung/Ye Zaw Myo Music: Teyza Min Gaung/Ye Zaw Myo မင်းလေးရှိရင် ဘာမဆိုရင်ဆိုင်ရဲတယ် ကြုံဆုံလာမယ့် နေ့ရက်တွေထဲ လက်ကိုတွဲ ရှိချင်တယ် မင်းနဲ့အမြဲ ဘာတွေ ဘယ်လိုဖြစ်ဖြစ်ကွယ် အတူတူပါပဲ အချစ်ရယ် အတူတူခရီးဆက်မယ် အိပ်မက်တွေ စျေးကြီးလည်းလေ မင်းအနားရှိရင် ကိုယ်မက်ရဲတယ် ချစ်သူရယ် I’m not scared လာပါလက်ကိုတွဲ ကုန်းလား ရေလား အာကာသလား မင်းရွေးပါအချစ်ရယ် ပင်လယ်ပြင်ကို ကျော်မယ် လေကိုဆန် ပျံသန်းလိုက်ကြမယ် ကြင်နာသူသာ ပါရင် ဘယ်လို အခက်ခဲမျိုးရှိပါစေ ကိုယ်မမှုဘူး I trust myself When I’m with you ကုန်းလား ရေလား အာကာသလား မင်းရွေးပါအချစ်ရယ် လှိုင်းကြမ်းတဲ့အချိန် နင်ဟာလှေငယ်လေးကွယ် ရွာစွေနေတယ် မိုးစက်တွေကြား မိုးကာလေး ဖြစ်ချင်တယ် မင်းအတွက်ပဲ လိုနေချိန်မှာ အမြဲရှိမယ် မှောင်နေရင် အလင်းပေးချင် ဘက်ထရီမှာ အားမရှိရင် ချစ်တဲ့သူ ပြောကြည့်လိုက်ပါ ရတဲ့နည်းနဲ့ အကုန်ဖြည့်ဆည်းဖို့အသင့်ပါပဲ Take my hand လာပါလက်ကိုတွဲ တို့တွေ အတူတူ ပင်လယ်ပြင်ကို ကျော်မယ် လေကိုဆန် ပျံသန်းလိုက်ကြမယ် ကြင်နာသူသာ ပါရင် ဘယ်လို အခက်ခဲမျိုးရှိပါစေ ကိုယ်မမှုဘူး I trust myself When I’m with you ကုန်းလား ရေလား အာကာသလား မင်းရွေးပါအချစ်ရယ် (ပင်လယ်ပြင်ကိုကျော်) အတူတူ (လေဟုန်ကိုဆန် ပျံသန်း) အတူတူ All I need is You (ပင်လယ်ပြင်ကိုကျော်) အတူတူ (လေဟုန်ကိုဆန် ပျံသန်း) အတူတူ All I need is You (ပင်လယ်ပြင်ကိုကျော်) (လေဟုန်ကိုဆန် ပျံသန်း) All I need is You ပင်လယ်ပြင်ကိုကျော် လေဟုန်ကိုဆန် ပျံသန်း