Nar Kyee Khae Par Thi Thot Thaw

Lyrics: Joe Lay Music: Joe Lay လေပြေညှင်းရယ် အလွမ်းရယ်
မျက်ရည်တွေနဲ့ ပူဆွေးတဲ့ရှိုက်သံများ
ဟိုအရင်က
အတိတ်ဟောင်းကို အသက်သွင်းခဲ့သလား
ငိုသံလေးရယ်ကြားတယ်
အခုချိန်ထိလဲ ငါ့ရဲ့နားထဲမှာ
အရာရာအရင်တိုင်း မနေ့ကလိုပဲ အချစ်ရာ
တစ်ကယ်ဆို
အစောကတည်းက မတွေ့ရင်ပိုကောင်းမှာ
လွန်ဆန်လို့
မရတဲ့နှလုံးသားရဲ့သဘောတိုင်း အလိုကျပါ
ဒဏ်ရာတို့နဲ့ လမ်းခွဲကျောခိုင်းခဲ့
အချစ်တစ်ခုရဲ့နောက်မှာ
အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ
အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း
နင်မပါတောင် ငါရောက်ဖြစ်သေးတယ်
မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်
နင်ပျော်နေပါတော့ ချစ်သူရယ်
အိမ်ပြန်ချိန်လေးကိုစတင်
အသက်မပါတဲ့ ခြေလှမ်းများလှမ်းချိန်မှာ
သူ့နုတ်ခမ်းမှာအပြုံးရယ် မတွေ့ရပါလား
ကိုယ်စီဝေးကွာဝေးမှာ တစ်ယောက်တစ်နေရာက
သတိတို့ရလဲ ခဏပါ
အချိန်တန်တော့လဲ သူစိမ်းဖြစ်လို့သွားမှာ
တစ်ကယ်ဆို
အစောကတည်းက မတွေ့ရင်ပိုကောင်းမှာ
လွန်ဆန်လို့
မရတဲ့နှလုံးသားရဲ့သဘောတိုင်း အလိုကျပါ
ဒဏ်ရာတို့နဲ့ လမ်းခွဲကျောခိုင်းခဲ့
အချစ်တစ်ခုရဲ့နောက်မှာ
အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ
အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း
နင်မပါတောင် ငါရောက်ဖြစ်သေးတယ်
မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်
နင်ပျော်နေပါတော့ ချစ်သူရယ်
အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း
နင်မပါတောင် ငါရောက်ဖြစ်သေးတယ်
မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်
နင်ပျော်နေပါတော့ ချစ်သူရယ်