Real Love

Lyrics: Jaz3 သီချင်း - Real Love တေးဆို - JAZ3
မင်းနဲ့အတူရှိချင်တယ် မင်းရဲ့နှလုံးသား တံခါးလေး ခေါက်ကာ စောင့်နေမယ် မင်းဖွင့်တဲ့အချိန်ဝင်ပြီးတော့ ထွေးပွေ့ ထားချင်တယ် မနက်ခင်းတိုင်းမင်းနဲ့ နိုးထချင်သေးတယ်
အသက်စွန့်ပြီး ချစ်ဖူးပါတယ် ဒဏ်ရာများအပြည့်နဲ့တောင် မင်းနားက ထွက်မသွားနိုင်တယ် အမြဲတမ်းမျက်ခြေမပြတ် စောင့်ရှောက်ပေးဆဲပါကွယ် ဘ၀တစ်ခုလုံး မင်းတစ်ယောက်တည်းပဲရည်စူးခဲ့
ထာ၀ရသက်ဆုံးတဲ့ ထိတိုင်ချစ်နေမယ် ဘယ်လိုမှ မေ့ဖျောက်ဖို့လည်းမဖြစ်ဘူးကွယ် ဒီရင်ကိုထားခဲ့ပြီး နင်ထွက်သွား တစ်ခြားတစ်ယောက်ရဲ့ ရင်ထဲမှာပျော်နေလည်း
(Real love) ဒီရင်မှာ အချစ်စစ်တို့နဲ့ပြည့်နှက်နေတဲ့ (Real love) ဘယ်အခါမှ မပြောင်းလဲသွားပဲဆက်ချစ်နေမယ် (Real love) ကမ္ဘာမြေကုန်ဆုံးတဲ့အထိမင်းနားအမြဲရှိမယ် (Real love), Real love ပေးဆပ်ခြင်းဟာ ခါးပါတယ် နင်ပေးခဲ့ဖူးတဲ့ ကတိများလည်း ငါမမေ့နိုင်ခဲ့ အတူတူဖြတ်သန်းကြမယ် ဘာကြောင့်များ နင်ပြောခဲ့သလဲ အရာအာလုံးအခုတော့ မျောလွင့်ပျက်စီးခဲ့
ထာoရသက်ဆုံးတဲ့ထိတိုင် ချစ်နေမယ် ဘယ်လိုမှ မေ့ဖျောက်ဖို့လည်မဖြစ်ဘူးကွယ် ဒီရင်ကိုထားခဲ့ပြီး နင်ထွက်သွား တစ်ခြားတစ်ယောက်ရဲ့ ရင် ထဲမှာပျော်နေလည်း
(Real love) ဒီရင်မှာ အချစ်စစ်တို့နဲ့ပြည့်နှက်နေတဲ့ (Real love) ဘယ်အခါမှ မပြောင်းလဲသွားပဲဆက်ချစ်နေမယ် (Real love) ကမ္ဘာမြေကုန်ဆုံးတဲ့အထိမင်းနားအမြဲရှိမယ် (Real love), Real love နင်သိလား ငါရူးခဲ့တာ မပိုင်ဆိုင်ရမှန်းလည်း ငါသိသားနဲ့ ချစ်သွားမယ် ဒီခန္ဓာပြိုလဲ ချစ်သွားမယ် ချစ်နေမယ်
(Real love) ဒီရင်မှာ အချစ်စစ်တို့နဲ့ပြည့်နှက်နေတဲ့ (Real love) ကမ္ဘာမြေကုန်ဆုံးတဲ့အထိမင်းနားအမြဲရှိမယ်
(Real love), Real love, Real love