Lyrics: Kaung Myat Thaw
Music: Kaung Myat Thaw
လူဖြစ်တဲ့ခဏ
Floke Rose
လူဖြစ်တဲ့ခဏ အသက်၂၀အတွင်းမှာ
သိလာတာပိုက်ဆံဟာတော်တော်ကြီးအရေးကြီးတာပဲ
အရာအားလုံးနီးပါးကို သူလုပ်နိုင်တယ်လို့
ငါတွေးမိတာနဲ့ ချွေးစီးပါရွှဲ
ဒီအကြောင်းတွေဘုရားနဲ့တွေ့မှ မေးကြည့်ရမယ်
သုတ်ကောင်ဘဝကနေ သန္ဓေသားဘဝကို
တဖြည်းဖြည်းသွားရင်း
လူဖြစ်လာတော့နေစရာစားစရာရ
ဒါမိဘတွေပေးတဲ့service
ဒီလိုနဲ့အရွယ်ရောက်လာတော့ ပုံးမှန်ဖို့ ရုန်းကန်လှုပ်ရှားရင်း
နောက်ဆုံးတော့ပြာဖြစ်သွားတာပဲမဟုတ်လာ ဒါကထုံးစံ
ဒုက္ခတွေရောက်တုန်းကဘုရားရှေ့မှာ
ဒူးထောက်တိုင်တည်သေးတယ်
တကယ်တမ်းစဉ်းစားကြည့်တော့ ငါ့ဒုက္ခကသူ့နုဲမှမဆိုင်ပဲ
ငါတို့တွေတကယ်တမ်းမပိုင်တဲ့အရာတွေကိုဖက်တွယ်ဖို့
ကြိုးစားရင်းနဲ့ပဲအချိန်တွေကုန်ခဲ့ပြီး အသိတရားတွေယိုင်နဲ့
လူတွေသေသွားတဲ့အခါမှာခန္ဓာထဲကဝိဉာဏ်ထွက်သွားတယ်ဆိုတာ
မယုံတဲ့ငါ့ကို ပတ်ဝန်းကျင်ကအပြစ်တင်လျက်
နိဗ္ဗန်နဲ့ငရဲတခုခုကိုမဖြစ်မနေရွေးရမှာပဲမဟုတ်လာ
အမှန်တကယ်တော့သေသွားရင်
ဒီတိုင်းအေးသွားတာပဲမဟုတ်လာ
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ ဝေဝါးသွားမယ်
တခါတလေသူငယ်ချင်းတွေနဲ့သွားလာပြီး
တခါတလေအထီးကျန်ဆန်လွန်းလို့
ငါ့အရိပ်တောင်ငါ့ရဲ့အနားမှာမရှိ
အသက်အရွယ်ကြီးလာတာနဲ့အမျှ ဘဝကလည်းခါးလာသည်
လူသစ်တွေနဲ့တွေ့သလို
အနားကပျောက်သွားတာလည်းများလာပြီ
လူဆိုတာသေပြီးသွားရင်
ဘာဖြစ်မယ်ဆိုတာ အဖြေမရှိတဲ့ဘဝ
နောင်ဘဝဆိုတာကို တွေးရင်း
လက်ရှိဘဝကိုရောနေကြည့်ရဲ့လား
ငါသေသွားတဲ့အခါမှာ မြုပ်ပေးပါမြေကြီးထဲမှာ
ဘဝမှာကြောက်စရာဆိုတာမရှိတော့တာ
ငါ့အဖေသေပြီးကတည်းက
တစ်နေရာနဲ့တစ်နေရာ ဝေးလွန်းရင်မသွားဘူး
ကိုယ့်ဟာကိုတောင်ပျင်းလွန်းလို့
ထမင်းတောင်ညက်အောင်မဝါးဘူး
ဒါပေမဲ့လည်းအချိန်တန်တော့ထမင်းစားဖို့ပိုက်ဆံရှာ
မိဘတွေရဲ့အရိပ်အောက်မှာကြာကြာမရှိသင့်တာရော
လက်ခံလာ
သားတွေသမီးတွေမွေးရအုန်းမယ်
ကိုယ့်ဖက်ကပြည့်အောင်လုပ်ပြီးတော့
မပြည့်တဲ့သူတွေကိုလည်းဖြည့်ရအုံးမယ်
အခုထက်ထိတော့အနာဂတ်ကဝေဝါးတုန်းပဲ
ဆိုပေမဲ့လည်းလူဖြစ်တဲ့ခဏမှာ
ပျော်ပျော်ကြီးနေသွားအုန်းမယ်
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ ဝေဝါးသွားမယ်
နှစ်၆၀လားနေရတဲ့ဘဝ
ဝေပြီးခဲ့သမျှအဆုံးမှာကြွေရတယ်မလား
လူ့ဘဝဟာ
စွန့်ပယ်ဖို့ခက်တာသံယောဇဉ်ကြိုးများရယ်
ချည်နှောင်ထား
လူဖြစ်တဲ့ခဏ
ဒီကမ္ဘာကြီးထဲ
ဘောင်နဲ့စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ဘာကျန်ခဲ့သလဲ
မြူမှုန်များနဲ့ ဝေဝါးသွားမယ်