စိုင်းချစ်တဲ့ရတနာ

Music: Sai Sai Mao Lyrics: The Sai ပိတောက်ပွင့်လေးတွေ ဝေအောင် ရတနာ ခေါင်းမှာပန်လို့ စိုင်းချစ်တဲ့ မြေပြန့်သူရယ် နာမည်လေး လှသလိုလူကိုယ်တိုင်လည်း လှပါတယ် စိုင်းအချစ်များကို ပိုင်သူ ရတနာတစ်ယောက်မှာ ပျော်လို့ ရှမ်းစကားလည်း သူတတ်နေပြီ အကြင်နာဆုံး သူ့ကို ရာသက်လုံးချစ်ဖို့ ရွယ်ပါသည် ဟေမာန်ဆောင်း နှင်းဖွေးတွေ ကျခဲ့ရင် တောင်ပေါ်စခန်း အလည်တစ်ခေါက်တော့ရောက်အောင်လို့ စိုင်းခေါ်မယ် လိုက်ခဲ့ကွယ် တို့များ မောရှမ်းဌာနေ မောင်းသံတွေကြား ယှဉ်တွဲကမယ်လေ အိုးစည်သံတွေကြား ယှဉ်တွဲကမယ်လေ နှောင်း နှောင်း နှောင်း တို့များရှမ်းဓလေ့ ရိုးရာဟန်ကပြောင်း စိုင်းချစ်တဲ့သူ ပြန်ရင် ချယ်ရီပန်းလေးတွေ ယူလို့ အမှတ်တရမို့ ပန်လိုက်ပါကွယ် နောင်အခါ ဆောင်းရောက်ရင် အတူယှဉ်တွဲကဖို့ မျှော်နေမယ် ပိတောက်ပွင့်လေးတွေ ဝေအောင် ရတနာ ခေါင်းမှာပန်လို့ စိုင်းချစ်တဲ့ မြေပြန့်သူရယ် နာမည်လေး လှသလို လူကိုယ်တိုင်လည်း လှပါတယ် စိုင်းအချစ်များကို ပိုင်သူ ရတနာတစ်ယောက်မှာ ပျော်လို့ ရှမ်းစကားလည်း သူတတ်နေပြီ အကြင်နာဆုံး သူ့ကို ရာသက်လုံးချစ်ဖို့ ရွယ်ပါသည် ဟေမာန်ဆောင်း နှင်းဖွေးတွေ ကျခဲ့ရင် တောင်ပေါ်စခန်း အလည်တစ်ခေါက်တော့ ရောက်အောင်လို့ စိုင်းခေါ်မယ် လိုက်ခဲ့ကွယ် တို့များ မောရှမ်းဌာနေ မောင်းသံတွေကြား ယှဉ်တွဲကမယ်လေ အိုးစည်သံတွေကြား ယှဉ်တွဲကမယ်လေ နှောင်း နှောင်း နှောင်း တို့များရှမ်းဓလေ့ ရိုးရာဟန်ကပြောင်း စိုင်းချစ်တဲ့သူ ပြန်ရင် ချယ်ရီပန်းလေးတွေ ယူလို့ အမှတ်တရမို့ ပန်လိုက်ပါကွယ် နောင်အခါ ဆောင်းရောက်ရင် အတူယှဉ်တွဲ ကဖို့ မျှော်နေမယ် ရတနာလေး တစ်ယောက်ကို ရာသက်လုံးချစ်လို့ နေမယ်ကွယ် နောင်အခါ ဆောင်းရောက်ရင် အတူယှဉ်တွဲ ကဖို့ မျှော်နေမယ် ရတနာလေး တစ်ယောက်ကို ရာသက်လုံး ချစ်လို့နေမယ်ကွယ် နောင်အခါ ဆောင်းရောက်ရင် အတူယှဉ်တွဲ ကဖို့ မျှော်နေမယ်