Flashback (feat. Lil' Z)

အချိန်တွေ နှောင်းလို့ဟောင်းသွားလည်း ဒီဒဏ်ရာဟောင်းတို့ အောင်းနေဆဲ မင်းနဲ့ဝေးသွားရင် အားလုံးကောင်းသွားမယ်လို့တွေးမိ First date ပန်းရောင် နှုတ်ခမ်းနီလေးနဲ့ပြုံးပြီးငါ့ရဲ့အသည်းကိုညို့ယူ First kiss ငါ့ရဲ့ဘ၀တခုလုံးကို မင်းလက်အောက်ကျရှုံးစေခဲ့သူမို့ မေ့ဖျောက်မရဆေးသောက်မရ ဝေဒနာလည်း တဖြည်းဖြည်းနဲ့ဆွေးမြေ့လို့ ကျွမ်းနေခဲ့ I’m trying I’m trying to forget about the times when we think love is all we need But you break up says its fake love and Clean it like your make up and leave it as a memory
Flashback Flashback အတိတ်ကမင်းအချစ်တွေငါယုံမိတာ အပြစ်တစ်ခုလို့ ငါမတွေး Flashback Flashback မင်းနဲ့ရှိခဲ့တဲ့အချိန်တွေတိုင်းတန်ဖိုးထားမိနေသေး နာကျင်စရာအကြောင်းများရှိလည်း ငါ အံကြိတ်ပြီးခံမယ် မင်းအတွက် ငါ့အချစ်တွေရှင်သန်နေဆဲပဲ ဘာနဲ့မှ အစားမထိုးနိုင်သေးတဲ့ မင်းကိုငါ မျှော်လင့်ရင်းနဲ့ဆွေး
လွမ်းတဲ့စိတ်နဲ့သေလိမ့်မယ် အမှတ်တရလေးတွေနဲ့ပဲဖြေသိမ့်ခဲ့ ဘ၀အသစ်တခုမှာ အချစ်ကိုတွေ့ပြီး ဒါစစ်မှန်တဲ့အရာလို့မင်းထင်နေ လိမ့်မယ် မင်းနဲ့ ပတ်သက်ခဲ့ဘူးသမျှအကုန်ငါပြောမယ် သီချင်းတိုင်းမှာချစ်သူ လွမ်းရမှာက ငါ့အလုပ် ယုံတာမယုံတာတော့ မင်းအပိုင်း တိုက်ဆိုင်မှုတွေကြုံလာတော့ မင်းလည်းငါ့ကိုသတိရမှာပေါ့ မင်းဘဲအသစ်လေးက မင်းအကြိုက်နွေးထွေးမှုပါတဲ့ kissing တွေold flame လို မရိုက်နိုင်ဘူး မင်းအပေါ် အာရုံတွေသူမစိုက်နိုင်ဘူး မင်းအလိုတွေလည်းမလိုက်နိုင်ဘူး and he will never ever make love to you like I do ဘ၀ဟာသုဿန်တစပြင်က စန္ဒာလှ ရေကိုရွှေထက်လိုတဲ့ ကန္တာရ လုံးလည်ချာလည်လိုက်နေခဲ့တဲ့ သံသရာကနေရုန်းထွက်ဖို့အတွက်ငါကြံရာမရ ညဆိုအိပ်မက်ထဲမှာ အရင်လို အငွေ့အသက်လေးတွေ ပြန်လာရအောင်ရန်လာစတဲ့ မင်းရဲ့မျက်နှာလေးကြောင့် ငါ့စိတ်တွေကဘယ်တော့မှ center မကျ အဲ့ဒီစိတ်ကပဲ မင်းဆီရောက်မယ့် အစွန်းသို့တွန်းပို့ မင်းအလှဟာ ကမ္ဘာမှာမရှိဘူး နှိုင်းယှဉ်ပြီးတော့ ညွှန်းဖို့မွှန်းဖို့ အချစ်တွေက လတ်ဆတ် သံယောဇဉ် အဆက်မပြတ်အောင် remind လုပ်နေတာ တစ်ချက်တစ်ချက် နှလုံးသားထဲကကွက်လပ်
အတိတ်ကမင်းအချစ်တွေ ငါယုံမိတာ အပြစ်တစ်ခုလို့ ငါမတွေး
မင်းနဲ့ရှိခဲ့တဲ့အချိန်တွေတိုင်းတန်ဖိုးထားမိနေသေး နာကျင်စရာအကြောင်းများရှိလည်း ငါ အံကြိတ်ပြီးခံမယ် မင်းအတွက် ငါ့အချစ်တွေရှင်သန်နေဆဲပဲ ဘာနဲ့မှ အစားမထိုးနိုင်သေးတဲ့မင်းကိုငါ မျှော်လင့်ရင်းနဲ့ဆွေး