Lyrics: Lu ric
Music: Lu ric
ချစ်ခဲ့ကြတဲ့ အတိတ်တွေ မေ့နိုင်ဖို့ ငါတွေးနေရတယ်ပေါ့
အိပ်လို့မရတဲ့ ညတွေထဲမှာ ငါလွမ်းနေရတာ မောတယ်
သိပ်ချစ်ရတဲ့နှင်းဆီပန်းတွေ ငါ့ကို စကားလာပြောတယ်
ဘဝနဲ့အချစ်ကိုရောခဲ့ ငါ့ရဲ့ဘဝပါ မျောတယ်
(ချစ်ခဲ့ကြတဲ့ အကြောင်းတွေမေ့လိုက်
ချစ်ခဲ့ကြတဲ့ အတိတ်တွေမေ့လိုက်
ချစ်ခဲ့ကြတဲ့ နေ့တွေမေ့လိုက်
ချစ်ခဲ့ကြတဲ့ ရက်တွေမေ့လိုက်)2
ဒီမှာ အလွမ်းတွေ တပွေ့တပိုက် Monday to Sunday နေ့အလိုက်
မေတ္တာစမ်းရေအေးခိုက်လို့ ပန်းတွေနွမ်းကြွေတွေ့လိုက်တယ်
ကျွန်းခံနေတဲ့ နှလုံးသားနဲ့ ဘယ်ရင်ခွင်ကို ထွေးပိုက်မလဲ
မင်းကိုမမေ့ချင်မေ့ချင် မေ့ဖို့အကြောင်းဘဲတွေးလိုက်မယ်
တွေးတာတွေးတာ တကယ်တော့ဒီမှာ မောင်တကယ်ထဲဆွေးနေ
ခံစားချက်ကို မီးပုံရှို့ လှောင်ပြောင်တဲ့အငွေ့တွေ
ငါးကြော်ပန်းချီကား ထိုင်ကြည့်ရတဲ့ ကြောင်တစ်ကောင်ရဲ့ အတွေးတွေ
ဆုတောင်းပေးတယ် ရုပ်ရှိရေလျှံ အကောင်တစ်ကောင်နဲ့တွေ့စေ
မင်းမပါတဲ့အနာဂတ်ဟာ မဝံ့မရဲ အဖြေဟာစိုးရိမ်စရာပါ
နွေဟာအတင်းဘဲ တိုင်းဝင်ခဲ့ပါတယ် ကြေမွမိုးတိမ်ကဗျာမှာ
ခံစားချက်ဟာ အသွင်ပြောင်းပြီး ပန်းကလေးတွေ အစီအရီငိုလာရင်ထဲမှာ တဂျစ်ဂျစ်နဲ့ လိုင်းမမိတဲ့ Tvလိုပါ
ခြောက်ကပ်ကပ်ဘဝမှာ မင်းရဲ့အသံကို မေ့မရခဲ့
အိပ်မက်မဟုတ်ဘူး လက်တွေ့ဘဝမှာ တို့တွေ တကယ်ကိုဝေးရတယ်
ပစ္စုပ္ပန်ကို လက်ခံဖို့ ငါ့မှာ ဘယ်လိုတွေးရမလဲ
အိပ်မက်မဟုတ်ဘူး လက်တွေ့ဘဝမှာ တို့တွေ တကယ်ကိုဝေးရတယ်
ခပ်ပေါပေါအချစ်တွေမပေးခဲ့ မင်းလည်းအသိပါဘဲ
ခေတ်နဲ့အချစ်ကို အောင်ခင်မြင့်နဲ့ ငြင်းခဲ့မိပါတယ်
အစိမ်းရောင်မီးလေး ထိုင်ကြည့်ချင်တဲ့ စိတ်တွေလည်းငါပြင်းခဲ့မိပါတယ်။
ကဗျာနဲ့ ကခုန်နေတဲ့ သီချင်းဘဲ ရှိ ဘဝထဲ
ပစ္စုပ္ပန်ဟာ နလံမထူ နာမကျန်းဖြစ် အတိတ်ဘေးမှာ
ဘဝလမ်းအသစ်စဖို့မကြိုးစား ညဘက်တွေမှာ အိပ်ဆေးရှာ
နှလုံးသားမှာ ဒဏ်ရာသွေးတွေအခုထိ မသိပ်သေးပါ
ငါ့စကားလုံးတွေကို မင်းနှုတ်ခမ်းနဲ့ တေ့ပြီးပိတ်ပေးပါ
မင်းနားထဲမှာ ရောမစစ်ပွဲအကြောင်း ပြန်ကြားရတဲ့အခါ
ငါပြောဖူးတဲ့ အက်စကီးမိုးတွေ ဉာဏ်များကြတဲ့ကမ္ဘာ
ရေခဲတောင်ကြီး ပြိုကျပြီးတော့ ပြန်ထမရတဲ့ည
ငါ့အတွေးတွေကို ဒီတခေါက်တော့ ကံတရားမတားခဲ့ပါ။