Lyrics: Hein Soe
Music: Hein Soe
Anegga, Babu X - ရိုးနေပြီ (D Stuff)
ရေး - Babu X (Hein Soe), Anegga
ဆို - Anegga, Babu X
တီး - Babu X
မူပိုင် - Hein Soe
Hook
(Hip Hop ကို မကောင်းဘူးပြောတယ် ဒါမျိုးတွေက ရိုးနေပြီ
ငါ့ရှေမှာ လာမငိုနဲ့ ဒါမျိုးတွေက ရိုးနေပြီ
ဆံပင်ရှည်ကို ဖြောင့်ထား ဒါမျိုးတွေက ရိုးနေပြီ
ချစ်မှာပဲ ခဏ ခဏ ပြော ဒါမျိုးတွေက ရိုးနေပြီ) x 2
Babu - Verse1
နေ့တိုင်းပဲ စားနေရတဲ့ အိမ်ကချက်တဲ့ ကန်စွန်းရွက်
နေ့တိုင်းပဲ စီးနေရတဲ့ ဒီဖိနပ်က ညစ်ပတ်
နေ့တိုင်းပဲ ကြားနေရတဲ့ ဒီစကားသံတွေ ရိုး
နေ့တိုင်းပဲ တွေ့နေရတဲ့ အပေါင်းအသင်းတွေက တစ်မျိုး
ရည်းစားကို အလိုမလိုက်ရင် သူက မျက်ရည်ကျပြ
ဒီအချိန် ပြာယာခတ်တာ ယောကျာ်းလေးတွေ အလုပ်ဗျ
တစ်ခါနှစ်ခါ မဟုတ်ဘူး ခဏခဏ ဖြစ်တော့ ရိုးလာတယ်
စိတ်ကောက်တိုင်းမျက်ရည်မကျနဲ့ ဒါမျိုးတွေက ရိုးပါတယ်
ဆံပင်ဖြောင့်တာ ကြည့်လို့ကောင်းတယ် တစ်ခွန်းလေးပဲ ပြောမိပါတယ်
ဆံပင်ဖြောင့်တဲ့ ရောဂါက မိန်းကလေးတိုင်းမှာ စွဲကပ်လာတယ်
အခုချိန်မှာ ဘယ်သူ့ကို ကြည့်ကြည့် ဆံပင်ဖြောင့်ပြီး လမ်းလျှောက်သွား
အနောက်ကနေ ရုတ်တရက် ကြည့်ရင် ဘာ်သူဘယ်ဝါ မကွဲပြားပါလား
Verse 2
ငါနေတဲ့ပုံ ထိုင်တဲ့ပုံ စကားပြောတဲ့ ဒီအချိန်
ပျော်လို့နေ အော်လို့နေ လမ်းဘေးက ဒီအချိန်
ကောင်မလေးတွေ ငါတို့ကို အတင်းပြောပြီး ရယ်နေ
နင်တို့တွေ နင်တို့တွေ အတင်းပြောရင်း နေနေ
ဒီနေ့ချိန်း နောက်တနေ့ရောက် ကတိပျက်တာ လုပ်လိုက်
ဟိုဘက်က ကောင် ဖုန်းပြောရင် မသိမသာနဲ့ ငေးလိုက်
ဒီကကောင် အရူးကြီးပမာ အဲဒါတွေနင် အရေးမစိုက်
နင်ပြုသမျှ နု ရလေပြီ အဲဒါတွေငါထွေးပိုက်
တော်ပြီဆိုတော်ပြီ သားသားကြောက်ကြောက် တော်ပြီ
လိုချင်တာ မပူစာစမ်းနဲ့ နားငြီးလွန်းလို့ တော်ပြီ
လိမ်တတ်တဲ့ မိန်းကလေးနဲ့ မပတ်သက်ချင်ဘူး တော်ပြီ
ဒါမျိုးတွေ ရိုးနေပြီ မဆက်ဆံချင်ဘူးတော်ပြီ