Phyay (ဖြေ)

Lyrics: Shwe Htoo Music: Shwe Htoo Arranger: Shwe Htoo အားလုံးမေ့ဖို့အတွက် ငါတွေးတယ် အဆင်မပြေခဲ့ဘူးကွယ် ငါအားလုံး ပေးဆပ်ခဲ့ပေမယ့်လည်း ပျော်ရွှင်စရာမရှိတဲ့ နင့်ရင်ဘတ်ကြီးတဲ့ မျက်ရည်ဟာ အလိမ်အညာ မင်းပြောတဲ့ဟန်ဆောင်ခြင်းတွေကြားထဲမှာ လက်ပစ်ကူးအရူးလို့ အကြိမ်တစ်ရာ ဒါတွေကိုမင်းမသိ ငါ့ရင်ထဲမင်းမကြည့် မင်းသိတာတစ်ခုတည်း တစ်ဖက်သတ်​ပြောတဲ့ စကားတွေလည်းငါမငြင်းခဲ့မိ သို့သော် ငါ့ဘက်ကမှား မင်းဘက်ကမှား စကားတွေများပြီးမှားကြတဲ့ မဖြစ်စလောက်နဲ့ အမှားတွေကများ သံယောဇဥ်ကြိုးလေးတွေတောင် ပြတ်တော့မယ် တောင်းပန်တယ် ရပ်တော့ကွယ် ငါ့မာနလေးတွေမြေမှာချပြီး စိတ်ကြိုက် နင်းကာသတ်ပေါ့ကွယ် အားလုံးမေ့ဖို့အတွက် ငါတွေးတယ် အဆင်မပြေခဲ့ဘူးကွယ် ငါလေ အားလုံးပေးဆပ်ခဲ့ပေမယ့်လည်း ပျော်ရွှင်စရာမရှိတဲ့ နင့်ရင်ဘတ်ကြီးတဲ့ ငါအရမ်းချစ်ပြခဲ့မိလို့လား အမြဲခေါင်းငြိမ့်ပေးလို့လား ဖြေရှင်းပေးဦး ဖြေဦး ဖြေဦး နင်သူစိမ်းတစ်ယောက်ရဲ့ပုံနဲ့ ငါအသက်မဲ့ခဲ့စေလဲ ပျော်ပါတယ် အရင်အတိုင်းပဲ ချစ်နေပါမယ် နတ်သမီးတစ်ပါးနဲ့ချစ်ရတာ နတ်ဆိုးလိုဖြစ်ရရှာ ငါ့ဘက်တော့ ဘယ်သူလာတွေးလည်း ပုစ္ဆာလိုအတိအကျရှာ သို့သော်အဖြေမတွက် ငါ့ဘက်ကအခြေမဲ့ အနေမဲ့မို့ထားခဲ့တာသိတယ် Baby ဖြေခဲ့ စိတ်ကူးထားသမျှလည်းအားလုံးဝေးကွာ Message တွေပို့နေသေးတာ အနှောက်အယှက်တွေဖြစ်လား I Don't, I Don't, I Don't Wanna Miss No More I Know I Know I Know Let It Be Go, Oh အားလုံးမေ့ဖို့အတွက် ငါတွေးတယ် အဆင်မပြေခဲ့ဘူးကွယ် ငါလေ အားလုံးပေးဆပ်ခဲ့ပေမယ့်လည်း ပျော်ရွှင်စရာမရှိတဲ့ နင့်ရင်ဘတ်ကြီးတဲ့ ငါအရမ်းချစ်ပြခဲ့မိလို့လား အမြဲခေါင်းငြိမ့်ပေးလို့လား ဖြေရှင်းပေးဦး ဖြေဦး ဖြေဦး နင် သူစိမ်းတစ်ယောက်ရဲ့ပုံနဲ့ ငါအသက်မဲ့ခဲ့စေလဲ ပျော်ပါတယ် အရင်အတိုင်းပဲ ချစ်နေပါမယ် အရင်အတိုင်းပဲ ချစ်နေပါမယ်