Secret Love

Lyrics: Hein Soe Music: Hein Soe Anegga, Babu X, Ye Mon (NO) - အုံ့ပုန်းအချစ် (Secret Love)
ရေး - Babu X (Hein Soe), Anegga ဆို - Anegga, Babu X, Yee Mon (No) တီး - Babu X မူပိုင် - Hein Soe
Babu - Verse1 ငါတို့ တစ်ယောက်နဲ့ တစ်ယောက်က သိခဲ့ကြတာ ကြာပြီ မင်းကို ငါကလည်း ကြည့်နေရတာ ကြာပြီ သီချင်းရေးမယ် လုပ်တိုင်း မင်းအကြောင်းကို ငါသည် တွေးမိလိုက်တာနဲ့ အချိန်ကုန်တာ တစ်နာရီ
အလုပ်လုပ်မိတာနဲ့ ငါ့ခေါင်းထဲကို လာပြီး မင်းအကြောင်းပဲ တွေးအောင် ငါ့ဦးဏှောက်ကို အပိုင်စီး ငါ့အလုပ်ချိန်တွေကို နှောက်ယှက် လွန်းတဲ့ နတ်သမီး လျှော်ကြေးပေးတဲ့ အနေနဲ့ မင်းက ငါ့ကို ပြန်ပြီး
ချစ်သင့် နေပြီကွယ် သနားသင့် နေပြီကွယ် ဒါမျိုးတွေကလည်း ဖြစ်သင့်နေတာ ကြာပြီကွယ် ငါ့ဘက် ကနေလည်း ဖွင့်ပြောချင်တာ ကြာပြီကွယ် သူငယ်ချင်း ဖြစ်နေတော့ ဖွင့်ပြောရမှာ ခက်နေတယ်
Hook မင်းနဲ့ ငါ့ရဲ့ကြား အုံ့ပုန်း အချစ်တွေ ပြောဖို့ ခက်တဲ့ အတွက် ငါစိတ်ညစ်နေ မင်းကို ပြောဖို့ စကား ရင်ထဲရှိတယ် မင်းနဲ့ ငါ့ရဲ့ ကြား အုံ့ပုန်း အချစ်တွေ
Verse2 ငါတို့ ၂ ယောက်ရဲ့ အကြောင်း ပြန်တွေးကြည့်ပါဦး သိခဲ့ကြတာ ၂ နှစ်လောက် ရှိပြီ သူငယ်ချင်း အဖြစ်နဲ့ပဲ ရင်းနီးမှုတွေက တို့ ၂ ယောင်ကြားမှာ ကန့်သတ်ထားတယ်
မျက်လုံချင်း ဆုံတိုင်း မင်းပြောချင်နေတဲ့ စကားလုံးလေးတွေ ရင်ထဲက သိတယ် ရင်ထဲ ရှိတဲ့ စကားလုံးများစွာ ဖွင့်ပြီးပြောပါ ဖွင့်ပြောလိုက်ပါ