Lyrics: Thihazaw
Music: Zenithlovesdaisy/Thihazaw
မသိမှုတွေဟာ ပေါက်ထွက်လာ
စဉ်းစားမိခဲ့ ခပ်သိမ်းတို့ ဦးတည်တဲ့နေရာ
သစ်ပင်ပန်းမန်၊ တိရစ္ဆာန်၊ ဆေပီယန်စ်
သယ်ပိုးခဲ့ လုပ်ငန်းတို့ အဆုံးဟာ ဘာလဲ
စိတ်ဆာလောင်နေလို့
ပိုင်ဆိုင်ဖို့ လုံးပန်းခဲ့ ရုပ်နဲ့ နာမ် ပစ္စည်းရယ်
တနေ့မှာ နှုတ်ဆက်ရမယ်တဲ့
ရှင်သန်ခြင်းကို ပြုခဲ့သူ ရည်ရွယ်တာ ဘာလဲ
ဘာလဲ
ဘာလဲ