Lyrics: Aung Naing Htoo
Music: Aung Naing Htoo
မေ့ပစ်လိုက် ….အချစ်ရေ
ဘာဆိုဘာမှ မတွေးပဲ..မေ့ပစ်လိုက်..
မင်းသိတဲ့အတိုင်း
အလွမ်းဟာနာကြင်စရာပဲရှိလို့ မေ့ပစ်လိုက်
အတူတူဆောက်တည်ခဲ့တဲ့
စိတ်ကူးထဲက အချစ်အိမ်ငယ်လေး..
ပြန်လည်တွေးမိတိုင်း နာကျည်းရင်းမုန်းလိုက်ပေါ့..
ဆုံဆည်းခွင့်တိုင်းဟာ
ကွာဝေးခြင်းရဲ့လှည့်စားမှု့တွေပေါ့…
အရာရာ အဆင်ပြေတယ်..
မမေ့နိုင်တာတစ်ခုတည်းနော်…
ငါမေ့နိုင်ဖို့
ငါ့အတွက် အချိန်တော့ ပေးပါ ..
ပြတ်သားနိုင်ဖို့ ပြောသလောက်မလွယ်သေးလို့ပါ..
ခံစားချက်များအသည်းထဲကျန်နေသေးတဲ့အခါ …
ငါမေ့နိုင်ဖို့ အခုထိမလွယ်သေးလို့ပါ..
မေ့ပစ်လိုက်..
အချစ်ရေ ငါဆိုတာ
သူစိမ်းတစ်ယောက်မို့မေ့ပစ်လိုက်
မင်းသိတဲ့အတိုင်း
သူစိမ်းဟာ အလည်လာရုံသက်သက်မို့
မေ့ပစ်လိုက်..
အတူတူဆောက်တည်ခဲ့တဲ့စိတ်ကူးထဲက
အချစ်အိမ်ငယ်လေး...
ပြန်လည်တွေးမိတိုင်း ဟာသတစ်ခုထက် မထူးတော့ပြီနော်..
ငါတို့ဆုံရတယ်..
ငါတို့ဝေးရမှာ ကြိုမသိခဲ့လေတော့...
အရာရာအဆင်ပြေတယ် မမေ့နိုင်တာ တစ်ခုတည်းနော်...
ငါမေ့နိုင်ဖို့ ငါ့အတွက်အချိန်တော့ပေးပါ..
ပြတ်သားနိုင်ဖို့ ပြောသလောက် မလွယ်သေးလို့ပါ...
ခံစားချက်များ အသည်းထဲကျန်နေသေးတဲ့အခါ
ငါမေ့နိုင်ဖို့ လုံးဝမလွယ်သေးလို့ပါ...
ငါမေ့နိုင်ဖို့ငါ့အတွက် အချိန်တော့ ပေးပါ.
ပြတ်သားနိုင်ဖို့ ပြောသလောက်မလွယ်သေးလို့ပါ..
ခံစားချက်များကအသည်းထဲကျန်နေသေးတဲ့အခါ …
ငါမေ့နိုင်ဖို့ အခုထိမလွယ်သေးလို့ပါ...