Because I Love You

Lyrics: Hein Soe Music: Hein Soe Anegga, Babu X, Alex - မင်းကို ချစ်လို့ပါ (Because I Love You)
ရေး - Babu X (ဟိန်းစိုး), Anegga (အနဂ္ဂ) ဆို - Anegga, Babu X, Alex တီး - Babu X, KZY(PRO) မူပိုင် - Hein Soe
Hook အလွမ်းသီချင်းများ ဆိုနေတာ ဒီရင်ထဲမင်းကို လွမ်းလို့ အလွမ်းများနဲ့ ဒီရင်မှာ ဘာကြောင့်လည်း မင်းလာမမေးနဲ့ မင်းမရှိလို့ အဆင်မပြေတာ ဒီရင်ထဲ မင်းကို ချစ်လို့ပါ
Babu X (ရေး/ဆို Babu X) အရင်တုန်းက ငါထင်ခဲ့တာ အချစ်က ကစားစရာ မင်းနဲ့မှ သိတော့တယ် အချစ်က ဘာလည်းဆိုတာ ညညဆို အိမ်မက်ထဲမှာ မင်းအကြောင်းတွေအမြဲပါလာ မိုးလင်းလို့ မျက်နှာ သစ်ရင် ငါ့မှာတစ်ယောက်တည်း ဆွေးရတာ
နစ်မျှောတုန်း အတွေးကြားမှာ ဖုန်းသံက ဝင်နှောက်ယှက် ဖုန်းဆက်တာ မင်းဆီကလို့ ငါရင်ထဲက မျှော်လင့်လျှက် လူရှုပ်လို့ ထင်နေကြတဲ့ အမြင်တွေက တစ်ဖတ်သတ် အထင်တွေက မှားလျှက် ရှင်းပြဖို့ သိပ်ခက်
အချစ်အကြောင်းကို ငါကပြောရင် လူတွေက လှောင်ချင်ကြတယ် အချစ်သီချင်းတွေ ငါဆိုရင် လူတွေက ပြောင်ချင်ကြတယ် ရင်ထဲမှာ ချစ်တာက တစ်ယောက်တည်းပါ ကောင်မလေးရယ် ဘယ်သူလည်းလို့ လူတွေမေးရင် မင်းနာမည်ကို ပြန်ပြီးပြောမယ်
Anegga (ရေး/ဆို အနဂ္ဂ) နှစ်ယောက် အဆင့်တန်း အထပ်မညီ ဆက်သွယ်ရခက်ပြီ ငါ့ဘဝက အမြဲလိုပဲ မင်းအကြောင်းပဲ တွေးပြီ စိတ်ကူးနဲ့ ပုံဖော်ပြီး တမ်းတခဲ့ နေ့တွေ သိပ်မထူးဘူး အရင်လိုပဲ လွမ်းရတဲ့ ညတွေ
မင်းစကားတွေထွက် ငါ ယုံလွယ်လွန်းတော့ခက် ကြင်နာမှုမရှိပဲ လောကဒါဏ်တွေ ခတ် ဒီဘဝမှာ ငါတစ်ယောက်တည်း အဖြစ်ဆိုးခဲ့တာတွေ ပြစ်ချိုးဖဲ့ကာလေ ငါယစ်မူးခဲ့ ကြာရှည်
ဒီဘဝက တိုတောင်းတော့ တွေ့ဆုံချင်တာအမြဲ မင်းကိုတစ်ယောက်တည်း ငါချစ်နေတာလည်း စကားအပိုတွေ မပြောလိုက်ချင် လက်တွဲသွားချင် နှစ်ယောက်တည်း အသဲ နှလုံးက နုပါတယ် လမ်းခွဲဖို့ မဆိုနဲ့