Kywae Kar Pyat See

Lyrics: Htet Mon Music: Htet Mon ငါ့အသဲများလည်းကွဲကာ ကြွေကာပျက်စီးတော့ နင်လည်းတစ်ပါးသူအချစ်မှာ ပျော်နိုင်ပြီပေါ့နော် ငါနဲ့ချစ်နေစဉ်မှာ တစ်ခြားသူအကြင်နာရအောင်ယူ လှည့်စားသူဟာ မင်းပါပဲနော် သူနဲ့အနမ်းများပေးတာ ဘယ်နှကြိမ်လဲပြော အမှန်တိုင်းပြောပါ ကလေးရယ် လိမ်ညာမနေနဲ့နော် သူကငါ့ထက်သာတယ် အရမ်းချမ်းသာတယ် ချောလွန်းပါတယ် ရပ်လိုက်ပါကွာ မပြောပါနဲ့တော့ နောင်ဘဝကျရင် မင်းလိုမိန်းကလေးတွေတွေ့ခွင့်ရရင် နာကြင်စေချင်တယ် ငါ့နှလုံးသားကို နင်းချေသွားတဲ့ မိန်းမလှလေးရယ် ပျော်နေပါစေတယ် ရင်ခုန်နှုန်းတွေ ထူးထူးခြားခြားရပ်တန့်သွားအောင် နင်ဟာ ဖောက်ပြားခဲ့ နင့်အပြုံးလေးတွေ တောက်တောက်ပပ ဖြစ်ရခဲ့ပြီ အဆွေးများနဲ့သာ အခန်းထဲကြိတ်ငိုမယ် မင်းပြောတဲ့ချစ်တယ်ဆိုတာ ငါ့ဘဝအတွက်လင်းရောင်ခြည်ပါ ဘယ်တော့မှ မထားခဲ့ဘူးဆိုပြီးတော့ ငါ့ကို မုန်းနေပြီလား အချစ်စစ်မှ မပေးနိုင်ရင်လည်း အစကတည်းက မပတ်သက်ပါနဲ့ အရူးအမူးပဲ ချစ်ခဲ့ပြီးမှ ငါ့ရဲ့အသဲကို ခွဲရက်တယ်ဟာ နင်အရမ်းမုန်းတဲ့ငါ့ကို အသေသာသတ်သွားတော့ ငါလည်းနင့်ရဲ့ အမုန်းကိုမခံနိုင်တော့ဘူးနော် ဟန်ဆောင်ပြီးချစ်ပြနေတာ မသိလိုက်ခင်မှာ မချစ်မိအောင်ပါ မထိန်းနိုင်ခဲ့တော့ မျက်ဝန်းထဲက မျက်ရည်မြေေပါ်ကျသွားတော့ လက်ညိုးထိုးပြီး ငါ့ကို လှောင်ကာရယ်ပေါ့နော် ငါကပျော့ညံ့သူပါ မင်းရဲ့ကမ္ဘာမှာမထိုက်တန်သူပါ အပြစ်တို့တင်ကာ ပြောပါတော့နော် နောင်ဘဝကျရင် မင်းလိုမိန်းကလေးတွေတွေ့ခွင့်ရရင် နာကြင်စေချင်တယ် ငါ့နှလုံးသားကို နင်းချေသွားတဲ့ မိန်းမလှလေးရယ် ပျော်နေပါစေတယ် ရင်ခုန်နှုန်းတွေ ထူးထူးခြားခြားရပ်တန့်သွားအောင် နင်ဟာ ဖောက်ပြားခဲ့ နင့်အပြုံးလေးတွေ တောက်တောက်ပပ ဖြစ်ရခဲ့ပြီ အဆွေးများနဲ့သာ အခန်းထဲကြိတ်ငိုမယ် မင်းပြောတဲ့ချစ်တယ်ဆိုတာ ငါ့ဘဝအတွက်လင်းရောင်ခြည်ပါ ဘယ်တော့မှ မထားခဲ့ဘူးဆိုပြီးတော့ ငါ့ကို မုန်းနေပြီလား အချစ်စစ်မှ မပေးနိုင်ရင်လည်း အစကတည်းက မပတ်သက်ပါနဲ့ အရူးအမူးပဲ ချစ်ခဲ့ပြီးမှ ငါ့ရဲ့အသဲကို ခွဲရက်တယ်ဟာ ငါ့အသဲများကွဲ ငါနဲ့ချစ်နေစဉ်မှာ တစ်ခြားသူအကြင်နာရအောင်ယူ လည့်စားသူဟာ မင်းပါပဲ သူနဲ့အနမ်းများပေးတာ ဘယ်နှကြိမ်လဲပြော ဘယ်နှကြိမ်လဲပြော အမှန်တိုင်းပြောပါ ကလေးရယ် လိမ်ညာမနေနဲ့နော် လိမ်ညာမနေနဲ့နော် သူကငါ့ထက်သာတယ် အရမ်းချမ်းသာတယ် ချောလွန်းပါတယ် ရပ်လိုက်ပါကွာ မပြောပါနဲ့တော့ baby~