Lyrics: ALBoy Z
Music: ALBoy Z
တစ်နှစ်ပြည့်မှစပြီးနှစ်တစ်ရာထိ ငါချစ်ပါမည်
မင်းတစ်ယောက်သာ သစ္စာတည်
အေးမြတဲ့ မေတ္တာသည် ခေတ်အခါမရှိ
တစ်သက်လုံးမက လွှမ်းခြုံထားမည်
အနှောင့်ယှက်များ နွမ်းကုန်ရသည်
ကိုယ်ဖန်တီးထားတဲ့
မင်းအပြုံးလေးများ အစွမ်းကုန်လှသည်
ပန်းပွင့်များ လန်းကုန်ကြပြီ
ရင်ခုန်သံ ကမ်းကုန်ထမြည်
ဝေးရတဲ့အခိုက်အတန့်ကြောင့်
ရင်ဘတ်ထဲ အလွမ်းထုံလှပြီ
အနွေးဓာတ်မပိုင်သေးပါ
နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းနှစ်စုံမဟမှီ
အဖြစ်ပျက်တွေဟာ မြန်ဆန်လွန်းတာ
၁ နှစ်က ပြည့်သွားပြီ
မီးခွက်တွေကို ကြံဖန်ထွန်းရှာ
ပြဿနာတွေများခဲ့ပြီ
လက်ဆောင်ပေးလဲ မပြေလည်နိုင်ခဲ့တဲ့
ဒေါသမီးမွှားများ
မင်းအချစ်ကို ကိုယ်တစ်ယောက်ထဲဘဲအပိုင်ယူမယ်
လောဘကြီးလှတာ
စိတ်ကူးတွေထူးထွေပြီးမယဥ်တော့ပါ
စရိုက်ဆိုးတွေပြင်လျှော့ကာ
အနားနားမှာတင်ပေါ့ကွာ ကပ်တွယ်တာမြင်တော့များ
ငါ့ကိုလေ အမြဲခွင့်လွှတ်ပြီး နားလည်ပေးတဲ့သူ
အချစ်ကို တစ်ထစ်မှ မလျှော့ဘူး
ပိုတိုးပေးခဲ့ ငါ့အားချစ်တဲ့သူ
ဘာမှအပြစ်မဖွဲ့ယူဘူး သူကချေဖျက်ကာပေးတယ်
ကျွန်တော့်ချစ်သူကောင်မလေး
သောကြာနေ့နေအထွက်မှာမွေးမယ်
မျက်နှာက မှင်သက်စရာလေးနဲ့
အသံလေးက ချိုသက်ကာနွေး
အနေထိုင်ပီရိမှုက အိမ်မှာဘဲနေ
အပြင်မထွက်ကာအေးတယ်
စာဖတ်တာကိုဝါသနာပါပြီး
အလှအပလေးမက်တယ်
တစ်ခါတစ်ရံမှာ စိတ်ကူးမိတဲ့
အကြောင်းအရာလေးများ ထထရေးတတ်တယ်
ကျွန်တော်နဲ့လဲ များစွာအတွေးထပ်တယ်
လိုက်ဖက်တဲ့ သဏ္ဍာန်အပြည့်နဲ့ပေါ့
ရှေ့လျှောက်မှာ လိမ္မာနေပြီမို့
အတိတ်ကကိုယ့်အပြစ်တွေကို ပြန်မတွေးနဲ့နော်
တစ်နှစ်ပြည့်မှစပြီး နှစ်တစ်ရာထိ ငါချစ်ပါမည်
မင်းတစ်ယောက်သာ သစ္စာတည်
အေးမြတဲ့ မေတ္တာသည် ခေတ်အခါမရှိ
တစ်သက်လုံးမက လွှမ်းခြုံထားမည်
အနှောင့်ယှက်များ နွမ်းကုန်ရသည်
ကိုယ်ဖန်တီးထားတဲ့ မင်းအပြုံးလေးများ
အစွမ်းကုန်လှသည်
ပန်းပွင့်များ လန်းကုန်ကြပြီ
ရင်ခုန်သံ ကမ်းကုန်ထမြည်
ဝေးရတဲ့အခိုက်အတန့်ကြောင့်
ရင်ဘတ်ထဲ အလွမ်းထုံလှပြီ
အနွေးဓာတ်မပိုင်သေးပါ
နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းနှစ်စုံမဟမှီ
Fallin'in love with you forever
Every difficulitis I can pass if together
မွေးဖွားရာနေ့ကစပြီး ၁၉ နှစ်လောက်ကာလတန်အထိ
မတွေ့ခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ
လရိပ်ကလေးလို ဖြာကျပြန့်ပီးအေးလာ
ဒီလူအမြင်အားလုံး ကာလာပြန်ညီ၍
ဒီလောကမှာ ငါသာမာန မာလာပြန်ပီဟေ့
ရှေးရေစက် ပဠာန်းဆက်မိသောတို့နှစ်ယောက်
အကန့်သတ်မရှိသည့် ချစ်ခြင်းမေတ္တာတွေစီးဆင်း
မြစ်သဖွယ် ခမ်းလျှက်မရှိ
အမြဲလို အလွမ်းဓာတ်အတိကျန်စေခဲ့တယ်
Dating Time များ
Made In China မင်းသားတွေလောက် မချောလဲ
စိတ်တွင်ကြိုက်စရာ ကိုယ်တစ်ယောက်ဘဲရှိသလို
ဦးစားပေးတဲ့သူမကို ဖျာလိုလိပ်ထိပ်တင်လိုက်မှာ
နိမိတ်တွင်တိုင်းမှာ အဆုံးသတ်တွင်
အတူတကွ ပေါင်းဖက်ကာပြီး
နောက်ထပ်တစ်ခါမရှိလာမယ့် အချစ်မျိုး ကိုရတော့
ဒီကကောင့်၏ စောက်ခွက်ကဖြီးတာ Ever
မနက်မိုးလင်းတိုင်း အတူတူရှိချင်တယ်
ညနေမိုးချုပ်ချိန် အတူတူကြည့်ချင်တဲ့
နေဝင်ချိန်အလှအပက
သူ့အပြုံးလေးလောက်ဖမ်းစားပါ့မလား
နွမ်းလျကာ နှုတ်ခမ်းပါးမှာ အလွမ်းစကားသာလာ
တစ်နှစ်ပြည့်မှစပြီးနှစ်တစ်ရာထိ ငါချစ်ပါမည်
မင်းတစ်ယောက်သာ သစ္စာတည်
အေးမြတဲ့ မေတ္တာသည် ခေတ်အခါမရှိ
တစ်သက်လုံးမက လွှမ်းခြုံထားမည်
အနှောင့်ယှက်များ နွမ်းကုန်ရသည်
ကိုယ်ဖန်တီးထားတဲ့
မင်းအပြုံးလေးများ အစွမ်းကုန်လှသည်
ပန်းပွင့်များ လန်းကုန်ကြပြီ
ရင်ခုန်သံ ကမ်းကုန်ထမြည်
ဝေးရတဲ့အခိုက်အတန့်ကြောင့်
ရင်ဘတ်ထဲ အလွမ်းထုံလှပြီ
အနွေးဓာတ်မပိုင်သေးပါ
နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းနှစ်စုံမဟမှီ