တကယ်တမ်းတော့ ဘယ်နေချင်မလဲပေါ့
ကိုယ့်မွေးရပ်မြေ မဟုတ်တဲ့နေရာ
ခက်ခဲခဲ့တဲ့ ခံနိုင်ရည်ကိုမွေး
ဒါမိသားစု စားဝတ်နေရေး
ကိုယ်ချစ်တဲ့ သူတွေနဲ့ ဝေးတဲ့
ဒီခံစားချက်က ဆိုးတယ်
ပြန်တွေ့ရဖို့ အချိန်တွေအမြန်ကုန်ဖို့
ဆုတောင်းရင်း အထီးကျန်ခဲ့
သတိရတဲ့စိတ်တွေ ရင်ထဲထိန်းမရနိုင်
ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ
ငါတစ်ယောက်တည်း
အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း
အားတင်းထားတယ်
ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်
အရင်တုန်းက အချိန်တွေကိုလွမ်းကာ
ငါပြန်တွေးရင်း ဝမ်းနည်းလိုက်တာ
မထင်ထားခဲ့တဲ့ ဒီအခြေအနေကြီး
ပိုပိုပြီးတော့ စိတ်ပူနေမိ
သတိရတဲ့စိတ်တွေ ရင်ထဲထိန်းမရနိုင်
ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ
ငါတစ်ယောက်တည်း
အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း
အားတင်းထားတယ်
ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်
သတိရတဲ့စိတ်တွေ ရင်ထဲထိန်းမရနိုင်
ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ
ငါတစ်ယောက်တည်း
အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း
အားတင်းထားတယ်
ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်
ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်