Whatever

Lyrics: Hein Soe Music: Hein Soe Anegga, Babu X - ဘာဖြစ်လည်း (Whatever)
ရေး - Babu X (Hein Soe), Anegga ဆို - Anegga, Babu X တီး - Babu X မူပိုင် - Hein Soe
Babu - Verse1 လောကမှာ ဘယ်ကို သွားသွား မိန်းကလေးတွေ သိပ်ကို များတယ် ကျွန်တော့်အတွက်တော့ တစ်ယောက်မှ မရှိလို့ နည်းနည်း လောက်တော့ ပေးပါဦးကွယ် ပြောတော့လည်း မကြိုက်ကြဘူးကွယ် တစ်ချို့တွေက ဒေါသကြီးတယ် တစ်ချို့ကျတော့ ပိုက်ဆံမရှိတဲ့ ကျွန်တော့်လို ကောင်မျိုး လှည့်မကြည့်ဘူးကွယ်
ကျွန်တော့် ရုပ်က မချောပါဘူး စကားပြောလည်း မကောင်းပါဘူး မိတ်ကပ်လည်း မလိမ်းတတ်ဘူး မှန်ကြည့်ပြီး အလှ မပြင်တတ်ဘူး မင်းသားလည်း မဟုတ်ပါဘူး acting လည်း မလုပ်တတ်ပါဘူး ဟန်းဖုန်းကို မကိုင်နိုင်ပေမယ့် ကားအကောင်းစားလည်း မစီးနိုင်ပါဘူး
အပိုတွေလည်း မပြောတတ်ဘူး မရှိပဲနဲ့ မကြွားတတ်ဘူး ကောင်မလေးတွေ ချောတာတွေ့ရင် ကျွန်တော့် မျက်စိက ကြည့်နေကျ
လွန်လွန်းတယ် မပြောပါနဲ့ ယောကျာ်းလေး မျက်စိပဲ ကိုယ့်မျက်စိနဲ့ ကိုယ်ကြည့်တာ ဘာဖြစ်လည်း? ဘာဖြစ်လည်း?
Babu - Hook (ဘာဖြစ်လည်း ဘာဖြစ်လည်း ချစ်ချင်ရင် ချစ်မှာပဲ ဘာဖြစ်လည်း ဘာဖြစ်လည်း မိန်းမမြင်ရင် ကြိုက်ချင်နေတာ ဘာရောဂါမှန်းမသိ ဟေ့) x 2
Verse 2 စကားလေးတွေပြောဖို့ အခုကြံ ဂဏာမငြိမ်တဲ့ စိတ်ကပြုပြန် အခုပြန်ပြောမယ် ဇာတ်လမ်းအစမှာ ရှည်လျား ထွေပြား စာတန်းမထိုးပါ သူငယ်ချင်းတွေစုနေကြတဲ့ အိမ်လေးတစ်လုံးရဲ့ နေ့တိုင်းအဖြစ်အပျက် မနက်ကနေ ညအထိ ဖြစ်နေကြတဲ့ သူတို့အဖြစ်အပျက် ယောင်္ကျားလေးတွေ စုနေကြတော့ ဇာတ်လမ်းလေးက နဲနဲထူးတယ် မိန်းကလေးတွေ အဝင်အထွက်ရှိတော့ ဘေးအိမ်တွေက မျက်စိစူးတယ် ဒီလိုနဲ့ရပ်ကွက်နဲ့ အဆင်မပြေချိန်မှာ မိန်းကလေးတွေ လာတဲ့အခေါက်ရေ တဖြည်းဖြည်းလျော့ခဲ့ နားလည်စွာနဲ့ ဖြည်းဖြည်းလျှော့ခဲ့ ဘာဖြစ်လဲ ဘာဖြစ်လဲ သူတို့တွေအခုအခါ အော်နေပြန်လဲ ဘေးအိမ်တွေကို သိပ်ဂရုမပြု ပြဿနာတွေအတွက် သိပ်တော့မမှု သူတို့တွေပြောတယ် ဘေးအိမ်နဲ့တော့ နေ့တိုင်း အဆင်မပြေ မိန်းကလေးတွေနဲ့ အဆင်ပြေဖို့အတွက် နေ့တိုင်းလိုနေ